Cory Massimino. Benjamin Tucker, Boston Anarchist, April 22 2015. Translated by Hein Htet Kyaw. ပြည်တွင်းစစ်သည် ဆယ်စုနှစ်များစွာကြာသည်အထိ ပြန်လည်ကောင်းမွန်လာမည်မဟုတ်သည့် အမေရိကန် လစ်ဘာတားရီယန်းဝါဒီလှုပ်ရှားမှုများအတွင်း ကြီးမားသော ဂိုဏ်းဂဏကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားသူများအကြား အတွင်းပဋိပက္ခများဖြစ်လာခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးသမားအချို့က တောင်ပိုင်းကို ကျူးကျော်စစ် ဆင်နွှဲရန် လိုလားကြသည်။ ၎င်းတို့သည် စစ်ပွဲကို မလွှဲမရှောင်သာအဖြစ် မြင်ပြီး ကျွန်စနစ်အဆုံးသတ်ရန် လိုအပ်သည်ဟု ယုံကြည်ကြသည်။ တစ်ဖက်ကမူ စစ်ပွဲသည် ဆိုးရွားသော ကိုယ်ကျင့်တရားဆိုင်ရာ မှားယွင်းမှုဖြစ်ပြီး ကျွန်စနစ်အဆုံးသတ်ရန် မလိုအပ်ဟု ယူဆကြသည်။ ၎င်းသည် လစ်ဘာတားရီယန်းလှုပ်ရှားမှုအား လွတ်လပ်သောတွေးခေါ်မှုလှုပ်ရှားမှု၊ လွတ်လပ်သောချစ်ခြင်းမေတ္တာလှုပ်ရှားမှုနှင့် အလုပ်သမားလှုပ်ရှားမှုကဲ့သို့သော အခြားရယ်ဒီကယ် လူမှုလှုပ်ရှားမှုများအဖြစ် ကွဲထွက်စေခဲ့သည်။ ၁၈၆၅ ခုနှစ်နောက်ပိုင်းတွင် တစ်သီးပုဂ္ဂလလစ်ဘာတားရီယန်း…         
       
 
      




