Gary Chartier. Original: Embracing Markets, Opposing “Capitalism”, January 25, 2013. Translated by Hein Htet Kyaw. လစ်ဘာတားရီးယန်းဝါဒီတစ်ဦးဖြစ်ခြင်းဆိုသည်မှာ ငြိမ်းချမ်းစွာ နှစ်ဦးသဘောတူ ဖလှယ်နေကြခြင်းကို အင်အားအသုံးပြု တားမြစ်နေကြခြင်းအပေါ် ဆန့်ကျင်သူဖြစ်ခြင်းသာ။ အရင်းရှင်စနစ်အား ထောက်ခံအားပေးသူဟု နားမလည်သင့်။ ဤပြောဆိုချက်သည် အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ “အရင်းရှင်စနစ်” အပေါ် သင်ဖွင့်ဆိုသော သင့်ဆိုလိုရင်းအပေါ် မူတည်သည်။ အချို့သောလူများအတွက်၊ အဆိုပါဝေါဟာရသည် “လွတ်လပ်စွာလဲလှယ်ခြင်း” ကိုသာ ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ အကယ်၍ သင်သည် ‘အရင်းရှင်စနစ်’ အား “လွတ်လပ်သောစျေးကွက်များ” ရိုးရှင်းစွာဆိုလိုပါက သင်၏အမြင်များနှင့် ကျိုးကြောင်းဆီလျော်သော လစ်ဘာတားရီယန်းဝါဒီအမြင်တို့အကြား အမှန်တကယ် သဘောထားကွဲလွဲမှုမရှိ။ သို့သော် လူတို့သည် စကားလုံးများအား ကွဲပြားစွာ သုံးလေ့ရှိကြသည်။ ဥပမာ-…
Logan Marie Glitterbomb. Original: Kurdistan as an Anarchist Society, April 30 2016. Translated by Hein Htet Kyaw. မင်းမဲ့ဝါဒီ လူ့အဖွဲ့အစည်းများ တည်ထောင်ခြင်း၏ နမူနာများကို သမိုင်းကို ကြည့်သောအခါ Catalonia ရှိ စပိန်မင်းမဲ့ဝါဒီများ သို့မဟုတ် မက္ကဆီကိုရှိ Zapatista စစ်တပ်၏ ကြိုးပမ်းအားထုတ်မှုများကို မကြာခဏ တွေးတောမိကြလိမ့်မည်။ ၎င်းတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံမဲ့/မင်းမဲ့လူ့အဖွဲ့အစည်းကို ထူထောင်ရန် ကြိုးပမ်းမှုအဖြစ် နိုင်ငံတော်နှင့် အရင်းရှင်စနစ်ကို တော်လှန်သော လက်နက်ကိုင်ပဋိပက္ခ၏ နည်းပရိယာယ်ကို အသုံးပြုသည့် အုပ်စုများ၏ ဥပမာများဖြစ်သည်။ မင်းမဲ့ဝါဒီ Catalonia အား နောက်ဆုံးတွင် ပြင်ပတပ်များက ချေမှုန်းခဲ့သော်လည်း Zapatistas များသည် ယခင်ကထက်…
Cory Massimino. Benjamin Tucker, Boston Anarchist, April 22 2015. Translated by Hein Htet Kyaw. ပြည်တွင်းစစ်သည် ဆယ်စုနှစ်များစွာကြာသည်အထိ ပြန်လည်ကောင်းမွန်လာမည်မဟုတ်သည့် အမေရိကန် လစ်ဘာတားရီယန်းဝါဒီလှုပ်ရှားမှုများအတွင်း ကြီးမားသော ဂိုဏ်းဂဏကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားသူများအကြား အတွင်းပဋိပက္ခများဖြစ်လာခဲ့သည်။ ကျွန်စနစ်ဖျက်သိမ်းရေးသမားအချို့က တောင်ပိုင်းကို ကျူးကျော်စစ် ဆင်နွှဲရန် လိုလားကြသည်။ ၎င်းတို့သည် စစ်ပွဲကို မလွှဲမရှောင်သာအဖြစ် မြင်ပြီး ကျွန်စနစ်အဆုံးသတ်ရန် လိုအပ်သည်ဟု ယုံကြည်ကြသည်။ တစ်ဖက်ကမူ စစ်ပွဲသည် ဆိုးရွားသော ကိုယ်ကျင့်တရားဆိုင်ရာ မှားယွင်းမှုဖြစ်ပြီး ကျွန်စနစ်အဆုံးသတ်ရန် မလိုအပ်ဟု ယူဆကြသည်။ ၎င်းသည် လစ်ဘာတားရီယန်းလှုပ်ရှားမှုအား လွတ်လပ်သောတွေးခေါ်မှုလှုပ်ရှားမှု၊ လွတ်လပ်သောချစ်ခြင်းမေတ္တာလှုပ်ရှားမှုနှင့် အလုပ်သမားလှုပ်ရှားမှုကဲ့သို့သော အခြားရယ်ဒီကယ် လူမှုလှုပ်ရှားမှုများအဖြစ် ကွဲထွက်စေခဲ့သည်။ ၁၈၆၅ ခုနှစ်နောက်ပိုင်းတွင် တစ်သီးပုဂ္ဂလလစ်ဘာတားရီယန်း…