ကျွန်ုပ်၏ နှောင်ကြိုးမဲ့ သမဂ္ဂ

By Spooky. Original article: My Union Based on Nothing, published on February 4th, 2022. Translated into Burmese by Hein Htet Kyaw.

ကျွန်တော်၏ အတ္တဝါဒ

ကျွန်တော်အမြင်အရတော့ အတ္တဝါဒ (Egoism) အကြောင်း ရေးတဲ့အခါမှာ အဆိုးဆုံးအမှားကတော့ ကျွန်တော်ရဲ့ ရပ်တည်ချက်ကို သေဆုံးသွားပြီဖြစ်တဲ့ ဂျာမန်ခေတ်ရှေ့ပြေး ပုန်ကန်သူတစ်ယောက်ရဲ့ အတွေးအခေါ်တွေနဲ့ပဲ ဘောင်ခတ်လိုက်တာမျိုး ဖြစ်ပါလိမ့်မယ်။ အကယ်၍ သင်က “The Unique and Its Property” စာအုပ်ရဲ့ အနှစ်ချုပ်ကို ရှာနေတာဆိုရင်တော့ ဤဆောင်းပါးက ထိုအရာ မဟုတ်ပါဘူး။ သူ့ရဲ့ အတ္တဝါဒအကြောင်း အကျဉ်းချုပ်လောက်ပဲ သိချင်တယ်ဆိုရင်တော့ “Stirner’s Critics” ကို ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

အစုအဖွဲ့အားလုံးဟာ ကျွန်တော့်အတွက် ဘာမှမဟုတ်

မှန်ပါတယ်၊ ကျွန်တော်ရဲ့ “သမဂ္ဂတွေ” — သူငယ်ချင်းဖြစ်မှု၊ နိုင်ငံရေးမဟာမိတ်၊ ချစ်သူရည်းစား (ဒါမှမဟုတ် အဲ့ဒါတွေ မရှိခြင်း) နဲ့ လွတ်လပ်တဲ့ ပေါင်းစည်းမှု မှန်သမျှဟာ — ကျွန်တော်ရဲ့ ကိုယ်ပိုင်ဆန္ဒကလွဲလို့ တခြား “ဘာအခြေခံမှ” မရှိဘဲ တည်ရှိနေတာလို့ ပြောနေခြင်း ဖြစ်ပါတယ်။ ဒါဆို ကျွန်တော်မှာ သူငယ်ချင်း နည်းသွားတာလား၊ ဒါမှမဟုတ် လူတစ်ယောက်အနေနဲ့ ပိုပြီး အဆက်အဆံ ပြတ်သွားတာလား? “တော်လှန်ရေး” ဒါမှမဟုတ် “ကွန်မြူနစ်ဝါဒ အပြည့်အဝ” လိုမျိုး ရည်မှန်းချက်တွေအပေါ် ကတိကဝတ် မရှိတာက ကျွန်တော်ကို အခွင့်အရေးသမား တစ်ယောက်လို ဖြစ်သွားစေသလား? ကျွန်တော် သိသလောက်တော့ (ဒီဆောင်းပါး ထွက်တဲ့အချိန်အထိ) ကျွန်တော်ဟာ တခြားလူတွေထက် ပိုပြီး တစ်ကိုယ်တည်းနေတတ်သူ မဟုတ်သလို၊ ကျွန်တော်မှာရှိတဲ့ သူငယ်ချင်း ဆက်ဆံရေးတွေဟာလည်း အတော်အတန် ကျန်းမာစိုပြည်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့ ဆက်ဆံရေးတွေက ကျွန်တော်ကို လွှမ်းမိုးမထားလို့ပါပဲ။ ဘယ်လို မြင့်မြတ်တဲ့ နှောင်ကြိုးကမှ ကျွန်တော်ကို တစ်ဦးတစ်ယောက်နဲ့ ချည်နှောင်မထားသလို၊ ဘယ်လို တူညီတဲ့ ဝိသေသကမှလည်း ကျွန်တော်ကို အလိုအလျောက် တစ်သားတည်း ဖြစ်မသွားစေပါဘူး။ ဒါကြောင့် သမဂ္ဂတွေ (Unions) ကို ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်၊ စိတ်ခံစားမှု ဆိုင်ရာ ပံ့ပိုးမှု၊ အပြန်အလှန် ကူညီမှု ဒါမှမဟုတ် ပေါင်းသင်းလို့ ကောင်းတာမျိုးတွေအတွက် ကျွန်တော် အားကိုးနိုင်တဲ့၊ တည်ငြိမ်သလိုလိုနဲ့ ဖရိုဖရဲနိုင်တဲ့ ပေါင်းစည်းမှုတွေအဖြစ် မြင်ပါတယ်။ ကျွန်တော်ရဲ့ ပေးဆပ်မှုဟာ အကျပ်ကိုင်ခံရလို့ ဒါမှမဟုတ် အပြင်ပန်း ဖိအားကြောင့် မဟုတ်ဘဲ၊ ထိုအထဲမှာ ရှိတဲ့ လူတွေကို ကျွန်တော် တန်ဖိုးထားလို့နဲ့ သူတို့ကို ပျော်ရွှင်စေချင်၊ ဘေးကင်းစေချင်၊ လွတ်လပ်စေချင်တဲ့ ကျွန်တော်ရဲ့ ဆန္ဒကြောင့်ပဲ ဖြစ်ပါတယ်။

“သတ်မှတ်ပြီးသား သမဂ္ဂတွေ” (တစ်ခါလာ မဲပြာပုဆိုး သမဂ္ဂs) ဆိုတာကတော့ ကျွန်တော် မသိလိုက်ဘဲ ရောက်ရှိသွားတဲ့ တင်းကျပ်တဲ့ အစုအဖွဲ့တွေ (ဥပမာ- အမေရိကန်လူမျိုး၊ လူဖြူ၊ အမျိုးသမီး၊ အမျိုးသား စတာတွေ) ကို ဆိုလိုတာပါ။ ဒါတွေဟာ သမဂ္ဂတစ်ခုထက် ကျွန်တော်ရဲ့ လူသားပီသမှုကို ငြင်းပယ်ခြင်း ဖြစ်သလို၊ ကျွန်တော်ရဲ့ ထူးခြားမှုကို ဖျက်ဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကျွန်တော်ကို အပြုအမူနဲ့ စရိုက်အချို့ သတ်မှတ်ပေးတဲ့ ပိတ်လှောင်မှုတွေပါပဲ။ ပေးထားတဲ့ အစုအဖွဲ့တစ်ခုက အဖွဲ့ဝင်တွေနဲ့ ကျွန်တော်မှာ ဘာတွေ တူညီနေသလဲ ဆိုတာက လုံးဝ အရေးမကြီးပါဘူး။ အဆုံးမှာတော့ ကျွန်တော်ဟာ ဘယ်သူလဲ၊ ဘယ်လို နေထိုင်သလဲ ဆိုတာကို ဖော်ပြရာမှာ အဲ့ဒီတူညီချက်တွေက ဘာမှ ဖြစ်မလာစေပါဘူး။ ကျွန်တော်ဟာ အခြားသော ဂျန်ဒါနှစ်ခု၏ နှောင်ဖွဲ့ခြင်းမှ လွန်မြောက်နေသော ကွီးယားမင်းမဲ့ဝါဒီ တွေနဲ့ တူညီချက်တွေ အများကြီး ရှိကောင်းရှိနိုင်ပေမယ့်၊ ကျွန်တော်နဲ့ ထိုပုဂ္ဂိုလ်ဟာ ငြင်းမရအောင်ပဲ ထူးခြားတဲ့ သီးခြားဖြစ်တည်မှုတွေပါပဲ။ အကယ်၍ ကျွန်တော်က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုနဲ့ မပတ်သက်ဖို့ ရွေးချယ်လိုက်ရင် အဲ့ဒီအစုအဖွဲ့ဟာ ကျွန်တော်နဲ့ မဆိုင်တော့ပါဘူး။ အဲ့ဒီ တစ်ခါလာ မဲပြာပုဆိုး သမဂ္ဂတွေကို ငြင်းပယ်လိုက်တဲ့အတွက် သူက ကျွန်တော်ကို ဘာမှမပေးသလို၊ ကျွန်တော်ကလည်း ဘာမှ ပြန်မပေးပါဘူး။ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားချင်း မဆုံတဲ့အတွက် မပတ်သက်တော့တာပါပဲ။

နားထောင်ရတာ ထူးဆန်းချင် ထူးဆန်းလိမ့်မယ်၊ ဒါပေမဲ့ “ဘာမှမရှိခြင်း” အပေါ် အခြေခံတဲ့ ကျွန်တော်ရဲ့ သမဂ္ဂဟာ “တစ်စုံတစ်ခု” အပေါ် အခြေခံတဲ့ တစ်ခါလာ မဲပြာပုဆိုး သမဂ္ဂs တွေထက် အဆမတန် ပိုခိုင်မာပါတယ်။ ဥပမာအနေနဲ့ “နိုင်ငံတော်” ကို ကြည့်ရအောင်၊ ဒါဟာ တစ်ခါလာ မဲပြာပုဆိုး သမဂ္ဂ ရဲ့ အကောင်းဆုံး ဥပမာပါပဲ။ သူ့ရဲ့ အဓိက အကျိုးစီးပွားကတော့ ဘယ်လို ကုန်ကျစရိတ်မျိုးနဲ့မဆို သူ ဆက်တည်ရှိနေဖို့ပါပဲ။ “နိုင်ငံတော်” ထဲမှာ ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကြောင့် “နိုင်ငံတော်” ဘယ်လို ထိခိုက်မလဲဆိုတာကို အမြဲ ထည့်တွက်နေရလို့ပါပဲ။ ကိုယ့်အတွက်ကိုယ် အကြမ်းဖက်တာမျိုးကို (ခုခံကာကွယ်တာ ဖြစ်ဖြစ်၊ အခြားနည်းနဲ့ ဖြစ်ဖြစ်) အားမပေးတဲ့အပြင် အပြစ်တောင် ပေးတတ်ပါသေးတယ်။ ဒါပေမဲ့ နိုင်ငံတော်အတွက် အကြမ်းဖက်တာကိုကျတော့ မက်လုံးတွေပေးပြီး တိုက်တွန်းတတ်ကြတယ် (ဥပမာ- ဥပဒေကင်းလွတ်ခွင့်၊ စစ်မှုထမ်း အကျိုးခံစားခွင့်၊ ဖက်ဆစ်ဂိုဏ်းတွေကို ဦးစားပေးတာ စသဖြင့်)။ အဲ့ဒီလို သမဂ္ဂမျိုးမှာ အပြန်အလှန် အကျိုးစီးပွား ဆုံတာမျိုး မရှိဘဲ၊ တစ်ခါလာ မဲပြာပုဆိုး သမဂ္ဂ ရဲ့ တရားဝင်မှုအပေါ် အစွန်းရောက် ယုံကြည်မှုပဲ ရှိပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ထူးခြားမှုကို လျစ်လျူရှုပြီး နိုင်ငံတော်ဟာ တကယ့် အာဏာရှိတဲ့ ဖြစ်တည်မှုတစ်ခုလို အုပ်ချုပ်မှုကို ခံယူကြပါတယ်။ အမှန်တော့ ဒါဟာ အတွင်းကနေ ဖြိုဖျက်ပစ်ရမယ့် တင်းကျပ်တဲ့ စိတ်ကူးယဉ် အယူအဆတစ်ခုပါပဲ။

ကျွန်တော်၏ သမဂ္ဂ

အရင်ဆောင်းပါး တစ်ခုမှာ ကျွန်တော် ရေးခဲ့ဖူးပါတယ် – “ကွီးယားဖြစ်ခြင်း ဆိုတာ အခြေခံအားဖြင့် ထူးခြားမှုရဲ့ ကြေညာချက်တစ်ခုပါပဲ” လို့။ အခု ဒီမှာတော့ အချက်အချို့ကို ထပ်ပြီး မီးမောင်းထိုးပြချင်ပါတယ် –

“မည်သည့် တစ်သီးပုဂ္ဂလဝါဒီ ရဲ့ အမြင်မှာမဆို အဓိက အခြေခံကတော့ လူသားတိုင်းဟာ တံဆိပ်ကပ်မှုတွေနဲ့ ဖော်ပြလို့ မရနိုင်လောက်အောင် ထူးခြားတယ် ဆိုတာပါပဲ။ ဒါကြောင့် လူတွေကို အံမဝင်တဲ့ သေတ္တာငယ်တွေထဲ ထည့်ဖို့ ကြိုးစားတဲ့ ‘အစုအဖွဲ့ဝါဒ’ ကို ဆန့်ကျင်တာ ဖြစ်ပါတယ်။

ကွီးယားဖြစ်ခြင်း ဟာ အခြေခံအားဖြင့် ထူးခြားမှုရဲ့ ကြေညာချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘယ်သူ့ကို စိတ်ဝင်စားသလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဖော်ပြချင်သလဲ၊ ကိုယ့်ခန္ဓာကိုယ်ကို ဘာလုပ်မလဲ ဆိုတဲ့ အချက်တွေဟာ ကိုယ့်ရဲ့ သတ်မှတ်ချက်တွေပဲ ဖြစ်ပြီး ဘယ်သူ့ရဲ့ ပါဝင်ပတ်သက်မှုကိုမှ ခံယူစရာ မလိုပါဘူး။”

ဒီဆောင်းပါး ထွက်ပြီး မကြာခင်မှာပဲ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် “ဝိသေသမရှိတဲ့ ကွီးယား မင်းမဲ့ဝါဒီ” လို့ ခေါ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ မဆုတ်မနစ်တဲ့ ကွီးယားဖြစ်ခြင်း ကို ပြချင်တာတင် မဟုတ်ဘဲ၊ ကွီးယားဖြစ်ခြင်း ဟူတဲ့ အယူအဆက ကျွန်တော်ရဲ့ အမြင်မှာ ပိုပြီး အရေးပါလာလို့ပါ။ ယေဘုယျအားဖြင့် ကျွန်တော်တို့အားလုံးဟာ ထူးဆန်းသူတွေ ကွီးယားတွေပါပဲ။ “လူသား” ဆိုတာ ဒီလို ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကနေ သွေဖည်နေကြသူတွေပါပဲ။ ဒါကြောင့် “လူမှုစနစ်” ဆိုတာဟာ တစ်သီးပုဂ္ဂလ ထူးခြားမှုကို မဖြစ်မနေ ဖိနှိပ်ဖို့ လိုအပ်ပါတယ်။ “ထူးခြားတဲ့ ဖြစ်ရပ်တွေ” ကို “သာမန်” ဖြစ်အောင် အတင်း လုပ်ယူတာမျိုးပါ။ လူမှုဗေဒနဲ့ စိတ်ပညာတွေကလည်း ကမ္ဘာကြီးကို အမျိုးအစား ခွဲခြားတာဟာ စိတ်ကူးနဲ့ ပုံဖော်တာ ဖြစ်တယ်လို့ အတိုင်းအတာ တစ်ခုအထိ လက်ခံကြပါတယ်။ လူသားတွေကို အမျိုးအစားခွဲတဲ့ နည်းလမ်းတွေဟာ အမှန်တရားကို ရှာဖွေတာထက်၊ စကားပြောရ လွယ်အောင် ချွင်းချက်တွေကို ဖယ်ထုတ်ပစ်လိုက်တဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်တွေသာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ “လူမည်း သန္ဓေပြောင်း လိင်တူကြိုက်အမျိုးသမီး” တွေကို ကြည့်ရအောင်။ သူတို့အားလုံးဟာ တူညီနေကြတာ မဟုတ်ပါဘူး။ သန္ဓေပြောင်း လိင်တူကြိုက်အမျိုးသမီး နဲ့ လူဖြူမဟုတ်တဲ့ တခြားအသားအရောင်နဲ့လူမျိုးအစုအဖွဲ့တွေထဲမှာတင် ဒီစကားလုံးတွေနဲ့ မဖော်ပြနိုင်တဲ့ ထူးခြားမှုတွေ အများကြီး ရှိပါတယ်။ လူတွေဟာ ဘယ်လောက်ပဲ တံဆိပ်ချင်း တူနေပါစေ၊ တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ထူးခြားကြပါတယ်။ “မျှဝေခံစား” လို့ရတဲ့ အတွေ့အကြုံဆိုတာ တကယ်တမ်းမှာ မရှိပါဘူး။ ဒါကို နားလည်ရင် ဒီဝေါဟာရတွေကို လူတွေကို ပုံစံသွင်းဖို့ မဟုတ်ဘဲ၊ အခြေအနေကို ဖော်ပြဖို့ အတွက်ပဲ အသုံးပြုနိုင်ပါလိမ့်မယ်။

ကံမကောင်းတာကတော့ အများစုဟာ “သာမန်” ဖြစ်နေတဲ့ အခြေအနေကို လိုက်စားပြီး ထူးခြားသူကို စွန့်ပယ်လိုက်ကြတာပါပဲ။ ကွီးယားဖြစ်ခြင်းကို “ငါတို့ မထိန်းချုပ်နိုင်တဲ့အရာ” အဖြစ် လျှော့ချလိုက်ပြီး၊ လွတ်လပ်ခွင့်ကို ချိုးဖောက်တာထက် လူမှုစနစ်ကို အတင်းအကျပ် လုပ်တဲ့နေရာမှာ ထိရောက်မှု မရှိတာလို့ပဲ မြင်ကြပါတယ်။ သူတို့အတွက်တော့ လက်ရှိ အခြေအနေထက် အနည်းငယ် ပိုကောင်းတဲ့၊ သည်းခံတတ်တဲ့ လူ့အဖွဲ့အစည်းထဲ ပေါင်းစည်းရရင်ပဲ ကျေနပ်နေကြပါတယ်။ ဒီထက် ပိုပြီး အစွန်းရောက်တဲ့ အကြံပြုချက်မှန်သမျှကိုတော့ “အစုအဖွဲ့” ကို ခြိမ်းခြောက်သူတွေလို့ မြင်တတ်ကြပါတယ်။

ဒါဟာ ရဲနိုင်ငံစနစ်ထက် အနည်းငယ် ပိုကောင်းနိုင်ပေမယ့်၊ စစ်မှန်တဲ့ လွတ်မြောက်မှုအတွက်တော့ ညံ့ဖျင်းတဲ့ အစားထိုးမှုပါပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အခြေခံမူတွေဟာ သတ်မှတ်ပြီးသား အတွေးအခေါ်တွေ (လူသားဝါဒ၊ ကျိုးကြောင်းဆင်ခြင်မှုဝါဒ စသဖြင့်) ပေါ်မှာပဲ ရှိနေလို့ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် “သာမန်ဖြစ်ခြင်း” ကိုယ်တိုင်ကို ဖြိုဖျက်ဖို့ ကြောက်နေတဲ့ ဘယ်လို “အစွန်းရောက်ဝါဒ” မဆို ကွီးယား နဲ့ “အတ္တ ထူးခြားသူ” ကို လက်ခံဖို့ မလုံလောက်ပါဘူး။

ကျွန်တော်၏ သမဂ္ဂဆိုင်ရာ ကိစ္စရပ်

ကျွန်တော်ရဲ့ သမဂ္ဂမှာ ပါဝင်တာက ၎င်းကို ကျွန်တော်အပေါ် အာဏာ ပေးမိနေတာလား? ကိုယ်ကျိုးစွန့်တာဟာ ကိုယ်ကျိုးစီးပွား ဖြစ်တယ်လို့ လှည့်ဖြားခံရနိုင်သလား? တခါလာ မဲပြာပုဆိုး သမဂ္ဂတွေဟာ ကျွန်တော်ရဲ့ သမဂ္ဂထက်စာရင် ယုံကြည်မှု အလွဲသုံးစားလုပ်ခံရတာ၊ ကျူးကျော်ခံရတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော်ရဲ့ သမဂ္ဂမှာ လူကောင်းတွေ ရှိလို့ မဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ကွာခြားလို့ ဖြစ်ပါတယ်။

ကျွန်တော်ရဲ့ သမဂ္ဂရဲ့ “ကိစ္စရပ်” ကတော့ အမှန်အတိုင်းပြောရရင် “ဘာမှမဟုတ်” ပါဘူး။ ဒါဟာ လူတွေကို အုပ်ချုပ်နေတဲ့ အရာ မဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေ ထပ်တူကျတာကို အသိအမှတ်ပြုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ “နှောင်ကြိုးကို ထိန်းသိမ်းဖို့” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူငယ်ချင်း မဖွဲ့ပါဘူး။ ကျွန်တော်နဲ့ တခြားလူ တစ်ယောက်ဟာ အတူရှိချင်လို့သာ သူငယ်ချင်း ဖြစ်ကြတာပါ။ အကယ်၍ အတူရှိရတာက စိတ်ပင်ပန်းစရာ ဒါမှမဟုတ် အဆိပ်အတောက် ဖြစ်လာရင် အဲ့ဒီ ခင်မင်မှု (သမဂ္ဂ) ဟာ အလိုလို ပျက်ပြားသွားပါလိမ့်မယ်။ သမဂ္ဂကို တည်မြဲအောင် ကိုယ့်ရဲ့ ထူးခြားမှုကို စတေးစရာ မလိုပါဘူး။

ဒါဟာ လူတန်းစား သီအိုရီနဲ့တော့ အနည်းငယ် ဆန့်ကျင်နေပါတယ်။ လူတန်းစား ခွဲခြားမှုဟာ လက်တွေ့မှာတော့ အသုံးဝင်နိုင်ပေမယ့်၊ လူတစ်ယောက်ရဲ့ အမှတ်အသားဟာ နိုင်ငံတော် ဒါမှမဟုတ် ထုတ်လုပ်မှု အင်အားစုတွေအပေါ်မှာပဲ အခြေခံတယ်လို့ ဆိုလာရင်တော့ ဒါဟာ လိမ်ညာမှုပါပဲ။ ဒီလို ချဉ်းကပ်မှုတွေက သတ်မှတ်ပြီးသား အတွေးအခေါ်တွေ (နိုင်ငံတော်ရဲ့ တရားဝင်မှု၊ အထက်အောက်စနစ် လိုအပ်ချက် စသဖြင့်) ပေါ်မှာပဲ မှီခိုနေရပြီး၊ တကယ့် လွတ်မြောက်မှုဆီ မရောက်ဘဲ အပေါ်ယံ ပြုပြင်ပြောင်းလဲမှုလောက်မှာပဲ ရပ်တန့်သွားစေပါတယ်။

ဘာမှမရှိခြင်း

သမဂ္ဂတွေရဲ့ အချည်းနှီး ဖြစ်မှုကို ဖော်ထုတ်ပြခြင်းဖြင့် ကျွန်တော်ဟာ ဘယ်လို အဖွဲ့အစည်းပုံစံကိုမှ အကြံပြုချင်တာ မဟုတ်ပါဘူး။ သမဂ္ဂရဲ့ အချည်းနှီးဖြစ်မှုကို မြင်လိုက်ရင် ကျွန်တော်တို့ဟာ လူတန်းစား၊ ယဉ်ကျေးမှုနဲ့ သတ်မှတ်ထားတဲ့ အမှတ်အသားတွေကို ကျော်လွန်ပြီး ပေါင်းသင်းဆက်ဆံနိုင်ပါလိမ့်မယ်။ “ဘာမှမရှိခြင်း” က ကျွန်တော်တို့ကို တစ်ယောက်နဲ့တစ်ယောက်ထံကရော၊ အတွေးအခေါ်တွေဆီကပါ လွတ်မြောက်စေပါတယ်။

ကျွန်တော်ရဲ့ ပန်းတိုင်ကတော့ ကျွန်တော်ရဲ့ သမဂ္ဂဟာ ဘယ်လို ကြီးမြတ်တဲ့ ရည်မှန်းချက် အပေါ်မှာမှ အခြေခံမထားဘူးဆိုတာကို ပြောပြဖို့ပါ။ ကျွန်တော်ရဲ့ သမဂ္ဂဟာ အပြန်အလှန် အကျိုးစီးပွားချင်း ဆုံလို့ ဖြစ်ပေါ်လာတာပါ။ ကျွန်တော်ဟာ ကိုယ့်အတွက်နဲ့ သူများကို မထိခိုက်သလို၊ သူများအတွက်နဲ့လည်း ကိုယ့်ကိုယ်ကိုယ် မထိခိုက်ပါဘူး။ ဘယ်လို ဇာတ်ကြောင်း ဒါမှမဟုတ် အတွေးအခေါ်ကမှ ကျွန်တော်ရဲ့ သမဂ္ဂကို အပြည့်အဝ ဖော်ပြလို့ မရပါဘူး။ ဘာမှမရှိတဲ့ နေရာမှာ တစ်ခုခု ရှိတယ်လို့ ပြောတာဟာ လိမ်ညာတာပဲ ဖြစ်ပါတယ်။

“အားလုံးအတွက် ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်” ကို ရဖို့အတွက် ထူးခြားမှု၊ အတ္တဆန္ဒအရ ပေါင်းစည်းမှုနဲ့ အဲ့ဒီထဲက ဟာလာဟင်းလင်း ဖြစ်မှုကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ လူတွေ ဘယ်လို ပေါင်းသင်းဆက်ဆံ “သင့်” တယ်ဆိုတဲ့ တင်းကျပ်တဲ့ ဘောင်တွေကို စတင် သတ်မှတ်လိုက်တာနဲ့ ကျွန်တော်တို့ဟာ မင်းမဲ့ဝါဒီ တွေ မဟုတ်တော့ပါဘူး။

C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how

Anarchy and Democracy
Fighting Fascism
Markets Not Capitalism
The Anatomy of Escape
Organization Theory