Selena Q. Rose. Original: Gender Anarchism: Tearing Down the Gender Hierarchy, May 20, 2021. Burmese translation by Hein Htet Kyaw.
ဂျန်ဒါမင်းမဲ့ဝါဒကြေညာစာတမ်း
ဂျန်ဒါ (လိင်ဖြစ်တည်မှု) အထက်အောက်ဖြစ်တည်မှုစနစ်သည် ခေတ်အဆက်ဆက်၊ ယဉ်ကျေးမှုမျိုးစုံကို ဖြတ်ကျော်လာခဲ့သော လူမှုရေးထိန်းချုပ်မှု၏ ပျံ့နှံ့နေသော စနစ်တစ်ခုဖြစ်သည်။ နိုင်ငံနှင့် နိုင်ငံတော်တို့မှ ပြဌာန်းထားကြသော အခြားသော မမျှတသည့် အထက်အောက်ဖြစ်တည်မှုများကဲ့သို့ပင် ဤလူမှုရေးထိန်းချုပ်မှုစနစ်သည် လူသားများ၏ ထုတ်ဖော်ပြောဆိုမှုနှင့် အပြုအမူများကို လက်ခံနိုင်သော ဘောင်တစ်ခုအတွင်း သိသိသာသာ ကန့်သတ် သတ်မှတ်ထားသည်။ နိုင်ငံတော်မှ သန္ဓေပြောင်းလိင် လူငယ်ထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုမရရှိအောင် တားမြစ်နေမှု၊ နိုင်ငံတော်မှ သန္ဓေပြောင်းလိင် လူသားတို့အား အားကစားပွဲများတွင် ပါဝင်ခွင့် တားမြစ်မှု၊ အမျိုးသားတို့အား အမျိုးသမီးတို့ထက် ပိုမိုမြင့်မားသော လူမှုဆိုင်ရာ အဆင့်အတန်းတစ်ခုပေးထားကြမှု၊ လူတစ်ဦးချင်းဆီ၏ ကိုယ်ပိုင်အုပ်ချုပ်ရပ်တည်ခွင့်အား ဥပဒေအားဖြင့်သော်လည်းကောင်း၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာ နည်းလမ်းများဖြင့်သော်လည်းကောင်း အကျိုးယုတ်စေသည့် တင်းကျပ်သော လိင်ပိုင်းဆိုင်ရာ စံနှုန်းများပြင်းထန်မှု၊ စသည့် ယနေ့ခေတ် ဂျန်ဒါအထက်အောက်ဖြစ်တည်ဆက်ဆံကြမှုစနစ်အား သုံးသပ်လေ့လာခြင်းကသည်ပင် ဂျန်ဒါ(လိင်ဖြစ်တည်မှု) အထက်အောက်ဖြစ်တည်မှုစနစ်၏ ဆိုးကျိုးများကို သက်သေပြရန် နည်းလမ်းတစ်ခုဖြစ်သည်။
ဂျန်ဒါမင်းမဲ့ဝါဒ (ဝါ) အနာချ-ဂျန်ဒါဝါဒ သည် လိင်ဖြစ်တည်မှု၊ လိင်စိတ်ခံယူမှုနှင့် ပတ်သတ်သော အဆင့်ဆင့် အထက်အောက်ဖြစ်တည်မှုစနစ်၏ နိုင်ထက်စီးနင်းဆန်စွာ ချမှတ်ထားသော လူမှုရေးစည်းမျဉ်းများကို လျစ်လျူရှုခြင်း သို့မဟုတ် တက်ကြွစွာ ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်။ ကွီးယားမင်းမဲ့ဝါဒ၏ အရသာတစ်ခုမှာ တိုက်ရိုက်လုပ်ဆောင်မှု၊ ခုခံမှုနှင့် မပါဝင်မှုစသော လုပ်ရပ်များမှတစ်ဆင့် လိင်ဖြစ်တည်မှု၊ လိင်စိတ်ခံယူမှုနှင့် ပတ်သတ်သော လိင်အထက်အောက်ဖြစ်တည်မှုစနစ်ကို ဖြိုခွဲခြင်းဖြင့် လိင်စိတ်ခံယူမှုကွဲပြားသူ၊ သန္ဓေပြောင်းလိင်နှင့် အမျိုးသမီးလွတ်မြောက်ရေးတို့ကို ရရှိရန် အထူးအာရုံစိုက်ခြင်းဖြစ်သည်။ ဂျန်ဒါမင်းမဲ့ဝါဒီများသည် ထရန်ဖိုးဘီးယား (သန္ဓေပြောင်းလိင်တို့အား ဖိနှိပ်မုန်းတီးခြင်း)၊ မဟာဖိုဝါဒနှင့် တခြားသော လိင်စိတ်ကွဲပြားသူများကို ရွံရှာဖိနှိပ်ခြင်းကဲ့သို့သော အန္တရာယ်ရှိသော လိင်နှင့်လိင်ပိုင်းဆိုင်ရာ အယူအဆများကို ဖြိုဖျက်လိုကြသည်။ ကျားမ နှစ်မျိုးသာ ရှိသည်ဟူသော တင်းကျပ်သော အယူအဆကိုလည်း ဖယ်ရှားပစ်ချင်ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် လိင်ပြောင်းထားသူများနှင့် “ကျားမ နှစ်မျိုး”မဟုတ်သူများသာမက အမျိုးသမီးများ၊ လိင်တူချစ်သူများနှင့် အခြားလိင်စိတ်တိမ်းညွတ်မှုရှိသူများစွာကိုပါ လွတ်မြောက်စေရန် မျှော်လင့်ကြသည်။
ကျား၊မ (အမျိုးသား၊ အမျိုးသမီး) နှစ်မျိုးသာ ရှိသည်ဟူသော အယူအဆသည် လူ့အဖွဲ့အစည်းအတွင်းရှိ အရာအားလုံးနီးပါးကို သက်ရောက်မှုရှိပြီး လူတိုင်းကို ထိန်းချုပ်ရန် ကြိုးစားသည်။ အကယ်၍ လူတို့သည် ဤကျားမနှစ်မျိုးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် မယုံကြည်ပါက “အမျိုးသားများမှ လူ့အဖွဲ့အစည်းအား ဦးဆောင် တာဝန်ခံသင့်သည်” ဟု ဆိုသည့် မဟာဖိုဝါဒ ဟူသော အယူအဆသည် ဆက်လက်ရှင်သန်ရန် အခြေခံမရှိပေ။ ထို့အပြင်၊ တင်းကျပ်သော လိင်နှစ်မျိုးအယူအဆမရှိပါလျှင် လိင်တူချစ်သူများကို ကြောက်ရွံ့ခြင်း နှင့် LGBTQ+ များအပေါ် ကြောက်ရွံ့ရွံရှာမှုများ၏ နောက်ကွယ်တွင် ရှိနေသော အကြောင်းရင်းများစွာ ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ဤကျားမနှစ်မျိုးစနစ်အပေါ်အခြေခံ၍ မွေးစတွင် ကျားမတစ်ဦးကို လူတိုင်းကို မသတ်မှတ်ထားပါက၊ cisgender နှင့် လိင်ကွဲဖြစ်ခြင်းသည် တစ်ခုတည်းသော “သာမန်” အရာဖြစ်သည်ဟူသော အယူအဆမှာ ကွဲကွာသွားမည်ဖြစ်သည်။ ထို့ကြောင့် ဂျန်ဒါမင်းမဲ့ဝါဒီများသည် ဤမမျှတမှုနှင့် အန္တရာယ်ရှိသော အယူအဆများအားလုံး၏ အရင်းခံဖြစ်သော ဤကျားမနှစ်မျိုးစနစ်ကို ဖျက်ဆီးလိုကြသည်။
သင်သည် ဂျန်ဒါမင်းမဲ့ဝါဒီတစ်ဦးဖြစ်ရန် လိင်ပြောင်းထားသူဖြစ်ရန် သို့မဟုတ် ပုံမှန်ကျားမစည်းမျဉ်းများကို ချိုးဖောက်သူဖြစ်ရန် မလိုအပ်ပါ။ အနည်းဆုံးအနေနှင့် လူတို့အပေါ် အမျိုးသားအဖြစ် ရှုမြင်သည်ဖြစ်စေ၊ အမျိုးသမီးအဖြစ် ရှုမြင်သည်ဖြစ်စေ၊ မမျှမတ အဆင့်သတ်မှတ်တဲ့ ဥပဒေတို့နှင့် လူမှုရေးစည်းမျဉ်းတို့အပေါ် မလိုက်လျောသင့်ဟု ဆိုလိုရင်းဖြစ်သည်။ ထို့အပြင် ဂျန်ဒါမင်းမဲ့ဝါဒီတိုင်းသည် ကွဲပြားစွာ ခံယူနိုင်သည်။ အချို့သည် LGBTQ+ များအတွက် ပိုမိုအဆင်ပြေစေမည့်စနစ်များကို ပံ့ပိုးပေးနိုင်သော်လည်း အချို့မှာ ၎င်းတို့၏ ကိုယ်ပိုင်လိင်ခံယူချက်ဖြင့် ဆက်လက်ရပ်တည်နိုင်သည်။ အချို့က အစိုးရ၏ တရားမျှတမှုမရှိသော ကျားမရေးရာ စည်းမျဉ်းများကို တိုက်ရိုက်ဆန့်ကျင်နိုင်ပြီး အချို့မှာ ခန္ဓာကိုယ်ပြုပြင်မွမ်းမံခြင်းကဲ့သို့သော အရာများကို ပုံမှန်ဖြစ်စေရန် လုပ်ဆောင်နိုင်သည်။ လူတိုင်းသည် cisgender (မွေးစတွင် သတ်မှတ်ခံရသော ဂျန်ဒါနှင့် မိမိခံယူသော ဂျန်ဒါတူညီကြသူ) နှင့် ဆန့်ကျင်ဖက်လိင်ကို တပ်မက်သူသာ ဖြစ်သင့်သည်ဟူသော အယူအဆကို သင်ပိုမိုပြင်းထန်စွာ ဆန့်ကျင်လေလေ၊ အစိုးရနှင့် ကျားမရေးရာ စည်းမျဉ်းများကို လိုက်နာသောသူများထံမှ တွန်းကန်မှုကို သင်ကြုံတွေ့ရနိုင်ခြေ ပိုများလေဖြစ်သည်။ သို့သော် ၎င်းသည် ထိုမမျှတသောစနစ်များကို ပိုမိုလျင်မြန်စွာ ဖြိုခွဲရန် သင်ကူညီနေသည်ဟုလည်း ဆိုလိုနိုင်သည်။ အန္တရာယ်များသည် ၎င်းတို့အတွက် ထိုက်တန်မှု ရှိ၊ မရှိ ဆုံးဖြတ်ရန် လူတစ်ဦးစီအပေါ် မူတည်ပါသည်။
ဂျန်ဒါမင်းမဲ့ဝါဒီတွေဟာ သူတို့လိုချင်တာမှန်သမျှ ဝတ်နိုင်ရမယ်၊ သူတို့လိုချင်သလို ပြုမူပြီး သူတို့လိုချင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဂျန်ဒါမင်းမဲ့ဝါဒီတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကွဲပြားကြပြီး အစိုးရမှ ထုတ်ပြန်သည့် အမှန်တရားများကို ကျော်လွန်ကာ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ ကမ္ဘာကြီးကို လိုချင်ကြပါတယ်။ တရားမျှတမှုမရှိသော ကျားမရေးရာ စည်းမျဉ်းများ ရှိနေသရွေ့ လူများသည် အချုပ်နှောင်ခံထားရမည်ဖြစ်သည်။ ကျားမစည်းမျဉ်းများကို လျစ်လျူရှုထားသော ဗီဒီယိုဂိမ်းဇာတ်ကောင် ကဲ့သို့ သင့်ခန္ဓာကိုယ်ကို စဉ်းစားခြင်းဖြင့် စိတ်ကြိုက်ရွေးချယ်စရာအားလုံးကို အသုံးပြုနိုင်သည်။ ယခုအချိန်တွင် သင့်ကိုယ်သင် အပြည့်အဝဖော်ပြရန် အန္တရာယ်ရှိနိုင်သော်လည်း ဂျန်ဒါမင်းမဲ့ဝါဒီတို့သည် ထိုအန္တရာယ်များကို လုံးဝဖယ်ရှားလိုသောကြောင့် တစ်ချိန်တွင် လူတိုင်းသည် နည်းလမ်းပေါင်းစုံဖြင့် မိမိကိုယ်ပိုင်ဟန်ဖြင့် နေထိုင်နိုင်မည်ဖြစ်သည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how