Gary Chartier. Original: Embracing Markets, Opposing “Capitalism”, January 25, 2013. Translated by Hein Htet Kyaw.
လစ်ဘာတားရီးယန်းဝါဒီတစ်ဦးဖြစ်ခြင်းဆိုသည်မှာ ငြိမ်းချမ်းစွာ နှစ်ဦးသဘောတူ ဖလှယ်နေကြခြင်းကို အင်အားအသုံးပြု တားမြစ်နေကြခြင်းအပေါ် ဆန့်ကျင်သူဖြစ်ခြင်းသာ။ အရင်းရှင်စနစ်အား ထောက်ခံအားပေးသူဟု နားမလည်သင့်။ ဤပြောဆိုချက်သည် အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ “အရင်းရှင်စနစ်” အပေါ် သင်ဖွင့်ဆိုသော သင့်ဆိုလိုရင်းအပေါ် မူတည်သည်။ အချို့သောလူများအတွက်၊ အဆိုပါဝေါဟာရသည် “လွတ်လပ်စွာလဲလှယ်ခြင်း” ကိုသာ ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ အကယ်၍ သင်သည် ‘အရင်းရှင်စနစ်’ အား “လွတ်လပ်သောစျေးကွက်များ” ရိုးရှင်းစွာဆိုလိုပါက သင်၏အမြင်များနှင့် ကျိုးကြောင်းဆီလျော်သော လစ်ဘာတားရီယန်းဝါဒီအမြင်တို့အကြား အမှန်တကယ် သဘောထားကွဲလွဲမှုမရှိ။
သို့သော် လူတို့သည် စကားလုံးများအား ကွဲပြားစွာ သုံးလေ့ရှိကြသည်။ ဥပမာ- ခေတ်ပေါ် လူများကြိုက်မီဒီယာလုပ်ငန်းများနှင့် အီလက်ထရွန်နစ်မီဒီယာတို့သည် ယခုကျွန်ုပ်တို့တွင်ရှိနေသည့် စီးပွားရေးစနစ်ကိုရည်ညွှန်းရန် “အရင်းရှင်စနစ်” ဟု ပုံမှန်အသုံးပြုသည်။ ငွေကြေးနှင့် ပိုင်ဆိုင်မှုများစွာ ပိုင်ဆိုင်ကာ လုပ်ငန်းခွင်နှင့် လူ့အဖွဲ့အစည်းအား ထိန်းချုပ်ရန် တတ်စွမ်းနိုင်သူတို့အား လူတို့မှ ‘အရင်းရှင်’ ဟု အသုံးပြုသည်ကို မကြာခဏ ကြားရမည်ဖြစ်သည်။ လစ်ဘာတားရီးယန်းများသည် “အရင်းရှင်” ဟူသော ဝေါဟာရအား အထက်ဖော်ပြပါ နည်းလမ်းနှစ်ခုစလုံးတွင် မသတ်မှတ်ကြ။
ယခုကျွန်ုပ်တို့ရရှိထားသော စီးပွားရေးစနစ်သည် အတိုင်းအတာတစ်ခုအထိ ငြိမ်းချမ်းစွာ အကျိုးတူဖလှယ်မှု မရှိတော့သည့် စနစ်တစ်ခုဖြစ်သည်။ ရှုတ်ထွေးလှသော ဥပဒေများနှင့် စည်းမျဉ်းဆိုင်ရာ အထူးအခွင့်အရေးများသည် ချမ်းသာပြီး အဆက်အသွယ်ကောင်းသော သူတို့အား အကျိုးပြုနေပြီး သာမန်လူထုအား အကျိုးယုတ်စေသည်။ (မူပိုင်ခွင့်နှင့် မူပိုင်ခွင့်များ၊ အခွန်အခများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များ၊ လုပ်ငန်းခွင်လိုင်စင်စည်းမျဉ်းများ၊ မြေအသုံးချမှု ကန့်သတ်ချက်များ စသည်ဖြင့်)။
စစ်တပ်နှင့်သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများသည် အခွန်ထမ်းများအား အစိုးရကန်ထရိုက်တာများနှင့် ၎င်းတို့၏မဟာမိတ်များကို ရန်ပုံငွေပေးရန် တွန်းအားပေးသည်။ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများသည် အစိုးရထောက်ပံ့ငွေများမှ အကျိုးခံစားခွင့်ရှိနေကြသည်။
ထို့အပြင် နိုင်ငံတော်သည် ၎င်းတို့ နှစ်သက်သော ပုဂ္ဂိုလ်များနှင့် အုပ်စုများမှ သေနတ်ပြလုယက်ခြင်းသာသာ မသမာသောနည်းများဖြင့် မမတရားရယူထားလျှင်ပင် အကာအကွယ်ပေးကြသည်။ အမေရိကန်၊ ကနေဒါ၊ အနောက်ဥရောပ၊ ဂျပန်နှင့် သြစတြေးလျတို့၏ စီးပွားရေးစနစ်သည် ဗဟိုချုပ်ကိုင်မှုစနစ်မဟုတ်ပါ။ နိုင်ငံတော်သည် ကုန်ထုတ်လုပ်မှုနည်းလမ်း (အများစု) ကို တရားဝင်ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုခြင်းမရှိပေ။ သို့သော် စီးပွားရေး၏ အဆင့်ဆင့်သော နယ်ပယ်များတွင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုများနှင့် စီးပွားရေးပစားပေးမှုတို့ ရှိနေခြင်းကို ထောက်ဆခြင်းငှာ ကျွန်ုပ်တို့၏ လက်ရှိစနစ်အား အမှန်တကယ် လွတ်လပ်သည် ဟု ခေါ်ရန် ခက်ခဲလှသည်ဟု ဆိုရမည်။ ထို့ကြောင့် ယခုကျွန်ုပ်တို့ကျင့်သုံးနေပါသောစနစ်အား “ဓနရှင်စနစ်” ဟု အမည်ပေးမည်ဆိုပါက လွတ်လပ်မှုကို နှစ်သက်သူတိုင်းသည် အရင်းရှင်စနစ်အပေါ် သံသယဖြစ်စရာ အကြောင်းကောင်း များစွာရှိသည်။
လက်ရှိစီးပွားရေးစနစ်အားမည်သို့ပင်ခေါ်ဆိုကြသည်ဖြစ်စေ၎င်းစနစ်သည်သြဇာအာဏာရှိသူများနှင့်ချမ်းသာသူများကိုအဓိကအကျိုးပြုသည်မှာဧကန်မလွဲ။အစိုးရ၏ပံ့ပိုးကူညီမှုစနစ်သည်လုပ်ငန်းရှင်များ၏အားသာချက်များကိုတိုးမြင့်လာစေပါသည်။အစိုးရ၏စည်းမျဉ်းများသည်ကုန်ကျစရိတ်များအားတိုးမြင့်လာစေပြီးရရှိနိုင်သောအရင်းအမြစ်များကိုလျှော့ချစေခြင်းဖြင့်ပြည်သူများအတွက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းစတင်ရန်ကြိုးပမ်းမှုကိုပိုမိုခက်ခဲစေသည်။အစိုးရသည်သမဂ္ဂများ၏လုပ်ပိုင်ခွင့်ကိုကန့်သတ်ထားသောကြောင့်အလုပ်သမားများအတွက်၎င်းတို့၏အလုပ်ရှင်များနှင့်ပိုမိုကောင်းမွန်သောအခြေအနေများကိုရရှိစေရေးညှိနှိုင်းရန်ပိုမိုခက်ခဲလာသည်။အလုပ်သမားများအတွက်ရွေးချယ်ခွင့်များနှင့်ညှိနှိုင်းနိုင်မှုတို့ကိုကန့်သတ်ခြင်းဖြင့်အစိုးရသည်အလုပ်ရှင်များကိုအာဏာပိုပေးသည်။အတိုချုပ်ပြောရလျှင်အစိုးရ၏အန္တရာယ်ရှိသောလုပ်ရပ်များအားမပြဆိုပါပဲလူ့အဖွဲ့အစည်းအတွင်းစီးပွားရေးလုပ်ငန်းကြီးများနှင့်ချမ်းသာကြွယ်ဝသူများ၏လွှမ်းမိုးနေမှုကိုနားလည်နိုင်မည်မဟုတ်ပါ။ထိုအခြင်းအရာများသည်အရင်းရှင်စနစ်သာဆိုလျှင်လွတ်လပ်မှုကိုတန်ဖိုးထားသူများသည်ယင်းစနစ်ကိုမထောက်ခံသင့်ပါ။
လူတို့သည် အပျက်သဘောဆောင်သော လူမှုရေးပြဿနာများနှင့် အမှန်တကယ်လွတ်လပ်သော စီးပွားရေးစနစ် စသဖြင့်နှစ်ခုစလုံးကို ဖော်ပြရန်အတွက် “အရင်းရှင်စနစ်” ဟူသော ဝေါဟာရတစ်ခုတည်းကိုသာ အသုံးပြုနေခြင်း ဖြစ်နိုင်သည်။ မည်သို့ပင် ဖွဲ့ဆိုဆို ဖွဲ့ဆိုမှုတစ်ခုချင်းဆီတွင် “အရင်းရှင်စနစ်” ကို မည်ကဲ့သို့ဖွင့်ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ဖွင့်ဆိုမှုတစ်ခုစီ၏ အရေးပါမှုကို ဆုံးဖြတ်ရန် ခက်ခဲသည်။ “အရင်းရှင်စနစ်” ကို အပျက်သဘောဆောင်သောအသုံးပြုမှုသည် ယခင်ကတည်းကင် ရှည်လျားသောသမိုင်းကြောင်းနှင့်အတူရှိခဲ့ပြီး ယနေ့ခေတ်တွင်လည်း အလွန် အသုံးများပါသည်။ တစ်ခါတစ်ရံ အပြုသဘောဖြင့် အသုံးပြုကြသည့်အခါတွင်လည်း “အရင်းရှင်စနစ်” ဆိုသည်ကို လက်ရှိစနစ်အား လွတ်လပ်သောအကျိုးတူအရောင်းအဝယ်ပြုမှုနှင့် ပေါင်းစပ်ခြင်း သို့မဟုတ် အင်အားကြီး စီးပွားရေးလုပ်ငန်းများ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ပေါင်းစပ်ထားခြင်း စသဖြင့် သဘောမျိုး သုံးကြသည့်အတွက် ရှုပ်ထွေးသော ဝေါဟာရဖြစ်သည်။ “အရင်းရှင်စနစ်” ဟူသောအသုံးအနှုန်းသည်ပြဿနာများသောနှင့်နားလည်မှုလွဲမှားကြသောဝေါဟာရဖြစ်လာသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူများသည် “အရင်းရှင်စနစ်” ကို ဆန့်ကျင်ဆန္ဒပြကြသောအခါ “စစ်မှန်သော အကျိုးတူရောင်းဝယ်ခြင်းစသော စီးပွားရေးလွတ်လပ်ခွင့်” ကို ဆန့်ကျင်ကြခြင်းမျိုး မဟုတ်ပါဘဲ အမေရိကန်အစိုးရနှင့် ၎င်း၏မဟာမိတ်များမှ သြဇာလွှမ်းမိုးနေမှုကို ဆန့်ကျင်ပြကြခြင်း ဖြစ်သည်။ လစ်ဘာတားရီယန်းများသည် လွတ်လပ်မှုနှင့် သက်ဆိုင်သော ၎င်းတို့၏ အမြင်ကို နိုင်ငံတော်အခြေပြုသည့် “အရင်းရှင်စနစ်” ၏ အပျက်သဘောဆောင်သော ခံယူချက်နှင့် မရောထွေးပဲ ရှင်းရှင်းလင်းလင်း ပိုင်းခြားရန် လိုအပ်ပါသည်။
ဝေါလ်စထရိဂျာနယ် အယ်ဒီတာ့အာဘော်စာမျက်နှာများ၊ ဖောက်စ်နယူးမှ မှတ်ချက်ပေးသူများနှင့် (အခြား) အထက်တန်းလွှာများ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူများသည် “ဓနရှင်စနစ်” အား ၎င်းတို့နှစ်သက်သည့်အဓိပ္ပါယ်ဖြင့် ဆက်လက်အသုံးပြုနိုင်ပါသည်။ ၎င်းတို့သည် လစ်ဘာတားရီယန်းဝါဒီများမဟုတ်သလို မဟာမိတ်များလည်း မဟုတ်ပါ။ လစ်ဘာတားရီယန်းဝါဒီများအတွက် ၎င်းတို၏ ဖွင့်ဆိုချက်တို့အား လိုက်နာကျင့်သုံးရန် မလိုအပ်ပါ။ “လွတ်လပ်သောစျေးကွက်စနစ်” အား စန်းတင်ခြင်းသည် စိတ်အားထက်သန်သော အရင်းရှင်စနစ်ဆန့်ကျင်ရေးနှင့် အတော်လေးကိုက်ညီသည်။
C4SS relies entirely on donations. If you want to see more translations like this, please consider supporting us. Click here to see how